နောင်ချို နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီအချိန်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ သင်တန်းနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ပညာရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည် ။
အဆိုပါသင်တန်းကို ၁၄-၁၁-၂၀၂၅ ရက်နေ့မှ ၁၆-၁၁-၂၀၂၅ရက်နေ့အထိ သင်ကြားဆွေးနွေးသွားမှာဖြစ်ပြီး အထက်တန်းဆင့် ဆရာ/ဆရာမ(၁၇၇)ဦးအားနည်းပြ (၁၅)ဦးမှလည်းကောင်း၊ အလယ်တန်းဆင့်ဆရာ/ဆရာမ (၁၆၈)ဦးအားနည်းပြ (၁၂)ဦးမှလည်းကောင်း၊ မူလတန်းဆင့် ဆရာ/ဆရာမ (၃၆၅)ဦးအားနည်းပြ (၂၄)ဦးမှလည်းကောင်း နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)