တောင်သာ နိုဝင်ဘာလ ၁၆
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစက်သရုပ်ပြခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ မြို့မရဲစခန်း၌လည်းကောင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်၏ အန္တိမရည်မှန်ချက်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်ကာလများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရွေးကောက် ပွဲအကြိုကာလဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စတစ်ခုဖြစ်သည့် (MEVM)မဲပေးစက်များအကြောင်း သိရှိနားလည်စေရန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ပြုံးကြည်က မဲပေးစက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသူများအား ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၂၁၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(ပြန်/ဆက်)