ပဲခူး နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ရောက်ရှိခဲ့ပြီး ရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစု၏ အလှူအဖြစ် နေပူခံကျောက်ပြားခင်းနေမှုနှင့် အာရုံခံတန်ဆောင်များ ပြန်လည်ပြုပြင်မွမ်းမံအဆင့်မြှင့်တင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်နှင့် ပန်းလှိုင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တပ်ဆင်အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်းသရုပ်ပြနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)