မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပို့ချပေး

မြောက်ဥက္ကလာပ နို၀င်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ခြင်းကို နိုဝင်ဘာလ(၁၄)ရက်နေ့နံနက် ၉ နာရီ အချိန်အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက အမှာစကားပြောကြားပြီး မြို့နယ် ကြက်ခြေနီသူနာပြုတပ်ခွဲမှူး  ဦးအောင်ကျော်ကျော်က အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များဖြစ်သော ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ လူနာစမ်းစစ်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း အဆိပ်မိခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အသက်ကယ်အထောက်အကူပြု (CPR ) ၊ လူနာသယ်ဆောင်ခြင်း စသည့် ဘာသာရပ်များအားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို နည်းပြ ၆ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၈၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ နို၀င်ဘာ ၁၄  ရက်နေ့မှ  ၁၆ ရက်နေ့ထိ သုံးရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)