အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2025
ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အကြိမ် (၁၀၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာလ ၂၅ ရက်‌နေ့မှ စတင်ကာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
Nov 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ထုတ်ပြန်ကြေညာခြင်းအပေါ် လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုဝင်ဘာ ၂၂ ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Nov 24,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု (Installation) သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဆောင်၍ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Nov 24,2025
ရန်ကုန်တိုင်းဒေသကြီး၊တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2025
မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ရွေးချယ်မွေးမြူနိုင်ရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရန်ကုန်မြို့၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၈)အထက်တန်းကျောင်း၌ ဘောလုံးပြိုင်ပွဲအား နိုဝင်ဘာ(၁၉)ရက်နေ့ကစတင်ကျင်းပခဲ့ပြီး နိုဝင်ဘာလ(၂၈)ရက်နေ့တွင် အောင်ပွဲရအသင်းများကို ဆုများချီးမြှင့်ပြီး ဘောလုံးအားကစားသမားကောင်းများကို ရွေးချယ်မွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။
Nov 24,2025
မွန်ပြည်နယ်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ပငစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား ဦးအောင်သိန်း၏ လယ်မြေ (၅ဒဿမ၈၅ဧက) တွင် ဂျပန်ဝါထွန်းစပါးများ ရိတ်သိမ်းမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 24,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်  ၁၄၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုန်းတောကမ်းကျေးရွာ တွင်းလမ်းပေါ်ရှိ ၂၀ ပေ (6.1m) သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား နိုဝင်ဘာ ၂၁ ရက်နေ့က တာဝန်ရှိသူများ  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။