ဘီးလင်းမြို့နယ်တွင် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း ဖွင့်လှစ်

ဘီးလင်း နိုဝင်ဘာ ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု (Installation) သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပညာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ်စ ဦးစည်သူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်နိုင်မိုးနှင့် အဖွဲ့ဝင်များက MEVM မဲပေးစက်အသုံးပြုရန် လက်တွေ့သင်ကြားမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းတွင် နည်းပြ (၁) ဦးနှင့် သင်တန်းကြီးကြပ် (၃) ဦးတို့က သင်တန်းသား/သင်တန်းသူ (၄၃) ဦးတို့အား နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ တစ်ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)