အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်‌နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိရာ ယမန်‌နေ့နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင် ဦးဆောင်၍ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2025
မြစ်ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်အတွက် နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဟုမ္မလင်းမြို့တွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစေင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။
Nov 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် နိုဝင်ဘာ ၂၃ ရက်က မြို့နှင့်အလှမ်းဝေးပြီး သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် (ဒုတိယ) အကြိမ် သီးနှံမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အသင်းတော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်‌ခဲ့‌ကြောင်းသိရသည်။
Nov 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ ရွှေပြည်သာယာရပ်ကွက် အေးမြသီတာရပ်ကွက်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းကပ်ကြေညာမှုကို ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့နံနက်ပိုင်းက တာ၀န်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။
Nov 24,2025
 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက (ပုဂံကျေးရွာ) ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
Nov 24,2025
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြော်ငြာဘုတ်များဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာမှုအား ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Nov 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ နိုဝင်ဘာ (၂၃) ရက် နံနက် (၈) နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် (MEVM) မဲပေးစက်အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။