အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ မြို့ပေါ် (၃) ရပ်ကွက်ရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခဲ့သည်။
Nov 24,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးရှင်လင်းခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အမှတ် ၄၄ ခြေလျင်တပ်ရင်း၊ အနော်ရထာခန်းမတွင် ပြုလုပ်သည်။
Nov 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် (၈)နာရီက စတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Nov 24,2025
ကချင်ပြည်နယ်အကျဉ်းဦးစီးဌာန၊ မြစ်ကြီးနားအကျဉ်းထောင်၌ အကျဉ်းသား/ အကျဉ်းသူများအား အကျဉ်းထောင်သာသနာ (YCC Foundation) အဖွဲ့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေးဟောပြောပွဲနှင့် အကျဉ်းသား/ အကျဉ်းသူများ၏ မူးယစ်ဆေးဝါးဆိုးကျိုးအကြောင်း သီချင်း ဆိုပြိုင်ပွဲ Grand Final ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက အဆိုပါအကျဉ်းထောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 24,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သဲဖြူအုပ်စု ဇလုပ်ကျေးရွာဘုန်းကြီးကျောင်းတိုက်အတွင်း နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို‌ ဆောင်ရွက်ခဲ့ကြသည်
Nov 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှကြီးမှူး၍ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
Nov 24,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း တည်ထားကိုးကွယ်ပူဇော်မည့် မဟာဗောဓိစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓအဘိသေကအနေကဇာတင်လှူခြင်း၊ မဟာဗောဓိပင်စိုက်ပျိုးခြင်းနှင့် ဗောဓိညောင်ရေသွန်းလောင်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ကျင်းပသည်။