အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အသက်သုံးနှစ်မှငါးနှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်လမ်းမကြီး၊ ရွှေလီမြစ်ဘေး မြို့ပတ်လမ်း၌ မီနီမာရသွန် (4km/13Km/18km) အပြေးပြိုင်ပွဲကို ယမန်နေ့နံနက် (၆) နာရီက ပြုလုပ်သည်။
Dec 22,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပန်းချီရေးဆွဲနည်းသင်တန်းကို ဒီဇင်ဘာ ၂၁ ရက်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Dec 22,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဂန့်ဂေါမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Dec 22,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်း/မူလတန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီ အချိန်က ကျုံဒိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ ကော့ကရိတ်ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား/ သင်တန်းသူ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Dec 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (Grade 5/9 )သင်ကြားပေးသော ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ပေးရန် ရည်ရွယ်၍ အခြေခံပညာ မူလတန်းနှင့်အလယ်တန်းအဆင့်(Grade5/9) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို ရွှေသူ‌ဌေးရပ်ကွက်အတွင်းရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Dec 22,2024
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုအသင်း အစည်းအရုံးတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပန်းချီသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။