အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံသိုးမွှေးထိုးနည်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Nov 24,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ ၁၀ ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ယာတော်ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်မှုဇုန်(၁) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ သိုလှောင်ရုံများအား ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Nov 24,2025
အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ အ.ထ.က(၄)ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Nov 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ထပ်မံကပ်ထားကြေညာထားသည့် မဲစာရင်းများအား ယမန်နေ့ နံနက်ပိုင်းက တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၇)၊ ဦးပိုင်အမှတ်(၁/၁)ဧရိယာ(၅)ဧကတွင်း တောင်သူဦးစန်း‌လွင်မှ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် စိုက်ပျိုးခဲ့သော ထွန်းပုမျိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် နွေးစပါးအပါဝင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဖျောက်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက စုစုပေါင်း (၁၁၀၇၆) ဧက စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 24,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၌ ထိုးနှံးပေးလျက်ရှိသည်။
Nov 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇောတိကစက်ဝန်းရှိ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ငှားရမ်းသုံးစွဲသည့် MAPCO ကုမ္ပဏီ၏ (၁၄၄× ၅၁)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ဂုဏ်လျှော်သိုလှောင်ရုံ(၂)လုံး ယမန်နေ့နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။