ပဲခူး နိုဝင်ဘာ ၂၄
ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အကြိမ် (၁၀၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပဒေသာအကများဖြင့် ဖျော်ဖြေခြင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်း၊ ဒီဇင်ဘာလ ၄ ရက်(နတ်တော်လပြည့်)နေ့ နံနက်ခင်းအချိန်တွင် ဘုရားအနေကဇာတင်ပွဲနှင့် မွန်းလွဲပိုင်းအချိန်တွင် သံဃာတော် ၁၃၀ ပါး၊ သီလရှင်ဆရာကြီး/ ဆရာလေး ၅၀ ပါးတို့အား ဆွမ်းဆန်စိမ်းများလောင်းလှူပူဇော်မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ကလေးစီးချားရဟတ်၊ အပျော်စီးလှေ၊ လျှပ်စစ်ရထား၊ ပျော့အိအိ၊ ဒုံးပျံ၊ မုန့်ဈေးတန်းများ၊ ဖျော်ဖြေရေး(DJ)အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)