ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုဝင်ဘာလ ၂၃ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ‌‌ကျေးရွာအုပ်စု၊ မိုးစွေကျေးရွာနှင့် လွင်သာယာကျေးရွာချင်းဆက်လမ်းသို့ သွားရောက်၍  တောင်ကျချောင်းရေတိုက်စား၍ ပျက်စီးနေမှူများအား ယာယီဘေလီတံတားတည်‌‌ဆောက်ပေးနိုင်ရေးနှင့် အဆိုပါလမ်းအား ပြုပြင်ပေးနိုင်ရေးကိုလည်း ကောင်း၊ ဥတ္တရသီရိမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ‌စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)