သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်း အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်

သာယာဝတီ နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သဲဖြူအုပ်စု ဇလုပ်ကျေးရွာဘုန်းကြီးကျောင်းတိုက်အတွင်း နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို‌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျေးရွာအုပ်စုများသို့ ခရိုင်/မြို့နယ်ကော်မရှင်တာဝန်ခံများက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစံသိန်းဦး၊ မင်းစိုးနှင့်မဲရုံတာဝန်ခံအဖွဲ့မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့ဝင်များက အသိပညာပေးရှင်းလင်းပြောကြားပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးပုံအဆင့်ဆင့်လက်တွေ့ သရုပ်ပြ ရှင်းလင်းပြသခဲ့သည်။

အဆိုပါ သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာနေပြည်သူဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြအသိပညာပေးခြင်းကို မြို့နယ်အဖွဲမှမဲပေးစက်အသုံးပြုပုံ၊ အသုံးပြုနည်း၊ စက်၏အလုပ်လုပ်ပုံတို့အား အသိပညာပေးရှင်းလင်းပြောကြားပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သဲဖြူအုပ်စုဇလုပ်ကုန်းကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၃၂၀) ဦးတို့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)