အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်-၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း​က ကြက်သွန်ခင်း(၂) ရပ်ကွက်နှင့် ပဲခူးလမ်းရပ်ကွက်အတွင်းသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။
Nov 25,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က အပျောက်ကျေးရွာ ဆုပြည့်ချမ်းသာ အထည်ချုပ်လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပုလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် (၁) ရပ်ကွက်ရှိ (PISM) ကိုယ်ပိုင်ကျောင်းတွင် (၁၈) နှစ်နှင့်အထက် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးဦးစီးဌာနမှဦးတည်အုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေး (Pfizer JN1) ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 25,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)ဆုကြီးပန်သီလရှင်သင်ပညာရေး အလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
Nov 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အဖက်ဖက်မှအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ပေးအပ်မည့် မဲရုံမှူးနှင့်ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် (၉) နာရီက ဝန်လိုရပ်ကွက်၊ သာသနာ့ဗိမာန်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၂၅၂) ဦး တက်ရောက်ခဲ့သည်။
Nov 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာများရှိ ကျောင်းသား၊ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရေး၊ တရားမဝင်လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များကို ကြိုတင်သတိထားရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။