လသာမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

လသာ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

လသာမြို့နယ်၌ ရပ်ကွက် ၁၀ ရပ်ကွက်၊ မဲရုံပေါင်း ၁၆ ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်များတွင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ မဲစာရင်းများ ကပ်ထားကြေညာထားရာ တာ၀န်ရှိသူများ ကွင်းဆင်းကြည့်ရှုကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)