အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေးစောင့်ရှောက်ခြင်းကို  ယ‌နေ့ နံနက် (၁၀) နာရီက ကျေးလက် ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးလျက်ရှိသည်။
Nov 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2025
မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ်၊ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု “အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် အတွင်း ရပ်ရွာများတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းက ဖွင့်လှစ်ထားသည့် အမျိုးသမီးဂေဟာများတွင်အမျိုးသမီးများ၏လုံခြုံရေးအတွက် ယာယီနားခိုရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ တရားဥပဒေအကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း အမျိုးသမီးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ရဲ့ဆောင်ရွက်မှုတွေဟာ ထိရောက်သည့်ဆောင်ရွက်မှုဖြစ်စေရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများရပ်တန့်ရန်အတွက် ထိရောက်တဲ့ပြစ်ဒဏ်ပေးခြင်း၊ အမျိုးသမီးများအတွက် ဥပဒေအကာအကွယ် ရယူနိုင်ရန် ဆောင်ရွက်ပေးခြင်းတို့ကို ဝိုင်းဝန်းလုပ်‌ဆောင်ပေးကြရန် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Nov 25,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အချုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝအချက်အလက်စာရင်း (UID)ရိုက်ပေးခြင်းကို  နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါအကျဉ်းထောင်တွင် ပြုလုပ်ကြသည်။
Nov 25,2025
မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသားစွာ ဆန္ဒမဲပေးနိုင်ရန်အတွက်  နိုဝင်ဘာ (၂၅) ရက်နေ့က ကျွန်းသာယာခန်းမ၌  ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Nov 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းဖြင့် လူ့စွမ်းအားဖွံ့ဖြိုး၍ ဗဟုသုတများ တိုးပွားလာစေရေးနှင့် မှန်ကန်သော အတွေးအခေါ် အမြော်အမြင်များ ရရှိစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မူလွန်(မြို့မ ၇)နှင့် အ.မ.က(မြို့မ ၈)တို့၌ ကျင်းပသည်။
Nov 25,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ယနေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင်မိခင်အား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 25,2025
ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် တာဝန်ခံ ဦးညီသန်းရွှေတို့က အငြိမ်းစားပင်စင်လစာထုတ်ယူသူများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။