ပခုက္ကူ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)ဆုကြီးပန်သီလရှင်သင်ပညာရေး အလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လူငယ်နှင့်ကြိုးစားလိုစိတ် အကြောင်းတို့ကို ရှင်းလင်းဟောပြောကြသည်။
အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၅)ဆုကြီးပန်သီလရှင်သင်ပညာရေး အလယ်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သာမဏေ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး မြန်မာရိုးရာစကားပုံနှင့် စကားထာဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများပြုလုပ်ကာ အဖြေမှန်ရရှိသူများကို စာရေးကိရိယာသုံး လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)