ကမာရွတ် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် (၁) ရပ်ကွက်ရှိ (PISM) ကိုယ်ပိုင်ကျောင်းတွင် (၁၈) နှစ်နှင့်အထက် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးဦးစီးဌာနမှဦးတည်အုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေး (Pfizer JN1) ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသင်းသင်းနိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက (PISM) ကိုယ်ပိုင်ကျောင်းရှိ အသက်(၁၈) နှစ်နှင့်အထက် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ဦးတည်အုပ်စုအလိုက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်ကာကွယ်ဆေး (Pfizer JN1) ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)