Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်မြို့နယ်၌ မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်းဖွင့်လှစ်
Nov 25,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ပေါင်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်
Nov 25,2025
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ ၂၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ အမှတ်(၁)အခြေခံပညာထက်တန်းကျောင်းရှိ အောင်ရာဇာခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် ခရိုင်ကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံဌေး၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးဇော်ထက်နှင့်(နည်းပြ) မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ သင်တန်းသားဆရာ/ဆရာမများ စုစုပေါင်း ၂၃၀ ဦးခန့်တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နည်းပညာတက္ကသိုလ်(မန္တလေး) ဘွဲ့ကြို၊ဘွဲ့လွန် သင်တန်းများ စတင်သင်ကြားပေးလျက်ရှိ
Nov 25,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ အနီးရှိ နည်းပညာတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာလ ၂၄ ရက်နေ့ မှစတင်ကာ ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေးကော်မတီလုပ်ငန်းညှိနှိုင်း
Nov 25,2025
မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အတ္ထရံခန်းမ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အနွေးဝတ်စုံများချီးမြှင့်ပေးအပ်
Nov 25,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများသက်သာချောင်ချိရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာထမ်းဆောင်နိုင်ရေး အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အနွေးဝတ်စုံများချီးမြှင့်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ကျောင်းသား/ကျောင်းသူ(၁၄၆၆)ဦး အေးချမ်းစွာပညာသင်ကြားလျက်ရှိ
Nov 25,2025
နိုင်ငံတော်နှင့်ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်ပြီး ဘက်စုံထူး ချွန်သည့် အင်ဂျင်နီယာများ၊ ဆန်းသစ်တီထွင်နိုင်သည့် သုတေသီများမွေးထုတ်ပေးနိုင်ရန်နှင့် နိုင်ငံ တကာအသိအမှတ်ပြုသော သုတေသနဦးစားပေးတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)တွင် အင်ဂျင်နီယာလောင်းလျာများကို သင်ကြားမွေးထုန်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဘာသာရပ်အသီးသီး၌ ကျောင်းသားကျောင်းသူပေါင်း (၁၄၃၉)ဦး အေးချမ်းစွာတက်ရောက် လျက်ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်
Nov 25,2025
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားများကို ယနေ့နံနက်က လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လောဓမ္မ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဌာနဆိုင်ရာများမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး
Nov 25,2025
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမျိုးသားသွေးဌာနတွင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2387
Page
2388
Page
2389
Page
2390
Current page
2391
Page
2392
Page
2393
Page
2394
Page
2395
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department