အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2025
e-government စနစ်အကောင်အထည်ဖော်နိုင်ရေးအတွက် နောင်ရိုး (Naung Yoe Technologies Co.Ltd) မှ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
Nov 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် ဖျာပုံခရိုင်၊ လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေရေးဖြေ၊ အာဂုံစာမေးပွဲတော်ကြီးကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် စာအောင်ဆုနှင်းသဘင်ကိုလည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲတော်ကြီးနှင့် စာအောင်သဘင်အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် (၉) နာရီတွင် ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်၌ ကျင်းပဆောင်ရွက်သည်။
Nov 28,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲအရာရှိ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
Nov 28,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၃၉)အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်နှင့်ပြည်စုံစေသည့် ကျောင်းသား/သူများ ဖြစ်လာစေရန် ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Nov 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယနေ့နံနက်ပိုင်း (၉) နာရီက အမှတ် (၈) ရပ်ကွက်သို့ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့သည်။
Nov 28,2025
ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ပဲရင်း‌တောင်‌ကျေးရွာနှင့် ဆူးပန်းအင်း‌ကျေးရွာတို့တွင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား အခမဲ့ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ တာဝန်ရှိသူများက ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
Nov 28,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။