Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 27,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign) ကို ယနေနံနက် ၈နာရီအချိန်တွင် လူစည်ကားရာ နေရာများဖြစ်သော ဦးပုညလမ်းနှင့် အမှတ်(၁၆)ရပ်ကွက်ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။ ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ရာတွင် အမှတ်(၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်း လာရောက်တိုင်သူများ၊ ကျောင်းသား/သူများ၊ ဈေးဝယ်၊ဈေးရောင်းသူများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိသူများအား Mask အခု ၁၀၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခမောက်ကြီးမြို့ မူလွန်အမှတ်(၄)စာသင်ကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီခန့်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ RDT Test Kit ဖြင့် စစ်ဆေး
Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ ယမန်နေ့ညက ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစင်တာတွင် ထားရှိပြီး ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၁၅)ဦး စုစုပေါင်း(၃၄)ဦးတို့အား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာ အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ဗိုလ်တထောင် မြို့နယ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 27,2021
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်ပိုင်းက ပုံပြောခြင်း အစီအစဉ်အား ဝန်ထမ်းများက ရိုက်ကူးထုတ်လွှင့်ပေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 27,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့က ဒေသခံပြည်သူ ၄၀ ဦး လာရောက်ထိုးနှံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည်
Dec 27,2021
မိတ္ထီလာခရိုင်အတွင်းရှိ ၂ဝ၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့ဆိပ်တော် အလှူခံရရှိတော်မူတော် ဆရာတော်ကြီး ၇ ပါး နှင့် သီလရှင်ဆရာကြီး ၁ ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆို အောင်မြင်တော်မူသည့် စာအောင်သံဃာတော်နှင့် သီလရှင် ၂၆၅ ပါးတို့အား ပူဇော်သော စူဠဘွဲ့ နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23514
Page
23515
Page
23516
Page
23517
Current page
23518
Page
23519
Page
23520
Page
23521
Page
23522
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department