Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာသုံးစက်ကိရိယာ အခြေခံ မောင်းနှင်ထိန်းသိမ်းမှု သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် သိန်းမင်း ဝါကြိတ…
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လပွတ္တာမြို့နယ် ဘိုကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပ
Dec 27,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဘိုကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပရာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မျိုးညွှန့် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ အသက်၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ်(ဒုတိယအကြိမ်) ၅၃၅၁ ဦးထိုးနှံပြီး
Dec 27,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် စတုတ္ထအသုတ်(ဒုတိယအကြိမ်မြောက်)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအတွင်း သဲသောင်တူးဖော်ခြင်း စီမံကိန်းနှင့် စက်မူဇုန်များဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့်စာချုပ်(မူကြမ်း)များစ…
Dec 27,2021
Southern Power Grid Co;Ltd က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲ-ဘန်းလမွတ်ဒေသရှိ မြန်နိုင်မြင့်ဆီအုန်းခြံနေရာတွင်တည်ဆောက်မည့်(၁၀)မဂ္ဂဝပ် Solar Power Plant လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ် ဆီသီးခိုင်(FBP) လောင်စာသုံး Biomass Thermal Power Plant (၂၆)မဂ္ဂါဝပ် အလတ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ MOA စာချုပ်နှင့် PPAစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်း စီမံကိန်းနှင့်စက်မူဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့်စာချုပ်(မူကြမ်း)များ စိစစ်ရေးကော်မတီ သို့လာရောက် ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အက်စတာမေမြို့ပန်း စိုက်ပျိုးသူများပြားသော်လည်း ယခင်နှစ်ထက် စျေးကောင်းရရှိ
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူအချို့သည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ အက်စတာမေမြို့ပန်းသည် စိုက်ပျိုးသူများပြားသော်လည်း ယခင်နှစ်ထက် စျေးကောင်းရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမိုင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်
Dec 27,2021
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများ ပူပြင်းခြောက်သွေ့တဲ့ရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နိူးဆော် ချက်များကိုယမန်နေ့ ည ၇ နာရီက အသိပညာပေးနှိုးဆော်ချက်များ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့ စည်ပင်သာယာစျေး မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်
Dec 27,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စည်ပင်သာယာစျေးတွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းနှင့် စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Dec 27,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆိုသောအားဖြင့် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကလေးစာဖတ်ခန်းမှ ကလေးငယ်များအတွက် ဗဟုသုတ တိုးပွားစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုသည့် အလေ့အထ ကောင်းများ ဖြစ်လာစေရန်နှင့် ယခုကဲ့သို့ ဆေးရောင်ခြယ်ပြုင်ပွဲများမှစ၍ ဆေးရောင်များ မှန်ကန်စွာ ရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ရခြင်း ဖြစ်ကြောင်းစသည့်တို့ကို ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းမှ ရှင်းလင်း ပြောကြားပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23512
Page
23513
Page
23514
Page
23515
Current page
23516
Page
23517
Page
23518
Page
23519
Page
23520
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department