(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လပွတ္တာမြို့နယ် ဘိုကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၂၇

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဘိုကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပရာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မျိုးညွှန့် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မျိုးညွှန့်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးပါတယ်။ လပွတ္တာခရိုင်ဟာဆိုရင် ကျေးရွာ ပေါင်း (၁၀၈၂)ရွာကျော်ရှိပြီး ကျေးရွာတွေမီးရရှိမှု ရာခိုင်နှုန်းဟာ နည်းပါးလျက်ရှိပါသေးတယ်။ ဒီလိုအချိန်မှာ မီးရရှိတဲ့ ကျေးရွာတွေ ပိုမိုများပြားလာစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မီးလင်း ရေးလုပ်ငန်းဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း များ ဆောင်ရွက်ရာမှာ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(NEP)အရ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ  Grid Extension လုပ်ငန်းအားလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  Pre Electrification စနစ်ဖြင့်လည်း ကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လပွတ္တာခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုမှ မီးလင်းရေးဆောင်ရွက်ခဲ့မှု အခြေအနေ အား ရှင်းလင်းပြောကြားပြီး မီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ် ပစ္စည်းများပေးအပ် ခဲ့သည်။ 

ထို့နောက် ကျေးရွာမီးလင်းရေးကော်မတီတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ လပွတ္တာခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မျိုးညွှန့်၊ လပွတ္တာခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်သူ ကိုကို၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့၀င်(၁) ဇွဲသူဟိန်းတို့က ဆိုလာဒီဇယ်မီးစက်ကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။ စုပေါင်းဓါတ်ပုံရိုက်ကူးပြီး  ဘိုကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဆိုလာဒီဇယ်မီးစက်ရုံအား လှည့်လည်ကြည့် ရှုခဲ့သည်။

ဘိုကုန်းကျေးရွာ အိမ်ခြေ (၃၇၅)အတွက်လျာထားပြီး ယခုလျှပ်စစ်ဓါတ်အားသုံးစွဲမှု အိမ်ခြေ (၉၂၄၁)လုံး၊ ဆေးခန်း (၁)ခန်း၊ ဘာသာရေးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး (၁)ရုံး၊ ကုန်ထုတ်လုပ်မှု (၃)ခု၊ ၀ပ်ရှော့ (၃)ခု၊ လမ်းမီး (၉၃)တိုင်၊ ဓါတ်တိုင် (၁၇၅)တိုင်၊ မီးပေးချိန် (၂၄)နာရီ၊ မီတာခ (၄၀၀)ကျပ်၊ ကုန်ထုတ်လုပ်မှု (၅၀၀)ကျပ်၊ ဆိုလာ (၁၀၀.၈)ကီလို၀ပ်+ဒီဇယ်မီးစက်စနစ် (၁၁၀.၄ကီလို၀ပ်)ဖြင့် လျှပ်စစ်မီးပေးဝေ လျက်ရှိကြောင်းသိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)