အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို (၂၄)နာရီ ဆက်လက်ဖွင့်လှစ်နိုင်ရန် (သို့မဟုတ်) မြန်မာစံတော်ချိန် ည(၁၂)နာရီအချိန်ထိ ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံ၊ မူဆယ်မြို့၊ နယ်စပ်ဒေသအာဏာပိုင်၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် က တရုတ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များထံသို့ (တရားဝင်) တောင်းဆိုထားကြောင်း မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jan 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း အစီအစဉ်ဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၁ နာရီခန့်တွင် ကျွန်းတော်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် လိုအပ်ချက်အရ ပိတ်ထားသည့် စည်ပင်သာယာ မြို့မစျေးနှင့် လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အိမ်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။
Jan 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ၀င်းကမော့ကျေးရွာ အလက(ခွဲ) ၀င်းကမော့ကျောင်းတွင် အန္တရာယ် ဆောင်ဖျက်သိမ်း၍ (၁၂၀'×၃၀') steel structure (၁)ထပ်ကျောင်းဆောင် သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၂၀) ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ(၃၅)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ထမင်းပေါင်းကျေးရွာအတွင်းရှိ လမ်းသန့်ရှင်း သာယာ လှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ကျေးရွာနေ ပြည်သူများက ယနေ့ နံနက်၁ဝ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2021
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ဒေသတွင် ယာမြေများနှင့် တောင်ယာမြေများ၌ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပဲစင်းငုံများ စိုက်ပျိုးလျှက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း သိရသည်။
Jan 14,2021
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။