သရက်ချောင်းမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

သရက်ချောင်း ဒီဇင်ဘာ  ၂၈


တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ပေးကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက် () နာရီအချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်၀န်ထမ်းများက  မြို့ပေါ်အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ နှင့် လုံး၀မတူတော့ခြင်း လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လာရောက်ခြင်း လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက (Mask) များကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀) ကြာအောင်ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွား ရောက်ခြင်းမှရှောင်ကျဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ စျေး၀ယ်ခြင်းမှ ရှောင်ကျဉ်ကြရန်နှင့် မိမိတို့အနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ကျန်းမာရေးဌာန၏ လမ်းညွှန် ချက်အတိုင်း တိကျစွာလိုက်နာကြပါရန် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးနွယ်၀င်း