ထန်းတပင် ဒီဇင်ဘာ ၂၈
ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး(နှလုံး) ရေးသားသည့် လူရယ်လို့ဖြစ်လာလျှင် စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သဇင်က စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင် ဦးအောင်ဇင်မျိုးက ဘဝဆိုတာခဏလေးပါနှင့် တဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ခြင်း၊အဖွဲ့ဝင်ဒေါ်တင်အေးက မိဘများ၏စိုးရိမ်မူနှင့် မိဘကျေးဇူး၊ အဖွဲ့ဝင်ဒေါ်နှင်းဝေဦးက လှုပ်ရှားမူနှင့်အားကစားနှင့်ကျန်းမာခြင်းရဲ့တန်ဖိုးစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)