မြန်အောင် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်ကာလ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော မြို့တွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့တွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်းနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင် အရာရှိဦးကျင်စိုးတို့မှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၁ -၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ကာလ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြန်အောင်မြို့ ရုံးလမ်း၊ ဘုရားလမ်း(တောင်)၊ ဘုရားလမ်း (မြောက်)၊လက်ပံရပ်အလယ်လမ်းတို့၌ ကွန်ကရစ်လမ်းခင်းခြင်း၊ ဦးရှိန်လမ်းနှင့် မဟာစည်ရိပ်သာလမ်းတို့၌ Box Culvert တည်ဆောက်ခြင်း၊ လက်ပံရပ်အလယ်လမ်း(မင်္ဂလာတံတားအပေါ်) နှင့်ရွှေဘုံသာတာကြီးတန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြို့တွင်းလမ်းပေါက်များ ကတ္တရာဖြင့် ဖာထေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးထံမှ သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)