အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သစ်များကို ဧပြီ၁ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင် နိုင်ရေး အတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရန် ယနေ့နံနက် ၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။                
Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး  တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေ၊နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း  ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများအားတတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ(၅)အရ  အုပ်ချုပ်ရေးမှူး ရွေးချယ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့အလှူရှင်များက နိုင်ငံတော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် ပထမအကြိမ် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်မိုင်ကျေးရွာ၌ ကျေးရွာကိုယ်စားပြု ကြံသီးနှံစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်း က တောင်သူဦးဆမ်လင်း၏ လယ်ယာတွင် စိုက်ပျိုးထားသည့် ကြံသီးနှံစံကွက်ကို စတင်ရိတ်သိမ်းခဲ့သည်။
Jan 14,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အောက် လုပ်ငန်းများအတွက် နည်းပညာ၊ ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဉတ္တရသီရိမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဉတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိပြီး ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးဘေးလုံခြုံမှု ရှိစေရန် အတွက် ယနေ့ နံနက် (၉)နာရီ က ချောင်းဆုံမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်မိုးမြတ်နှင့် မုပွန်မီးသတ် နယ်မြေစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းထက်တို့ ဦးဆောင် မီးသတ်တပ်ဖွဲ့ဝင်များက ကုလားတို့ကျေးရွာနှင့် ကလွီကျေးရွာတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။