ပိုင်ကျုံ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ထက်/လယ်ဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့်တွင် “လွတ်လပ်ရေး၏အနှစ်သာရ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်တွင် “လွတ်လပ်ရေးနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ရခြင်းမှာ ကျောင်းသား/သူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးရကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)