ညောင်ဦး ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ ကံကျဲကျေးရွာသို့ ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ ရေဂါလံ ၁၆၀၀ ကို ယနံနက် ၁၁နာရီ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် တဲတိုက်ပေါင်း ၈၀ကျော်ရှိပြီး စက်ရေတွင်းမရှိသည့်တဲတိုက်များ နှင့်မြေသားရေလှောင်ကန်မရှိသည့် တဲတိုက်များ ဆောင်ဦးပေါက်ရာသီမှ စတင်ပြီးနှစ်စဉ် ရေခက်ခဲကြောင်း၊ သောက်သုံးရေအတွက် ရေအလှူရှင်များလှူဒါန်းသည့် သောက်သုံး ရေကိုမှီခိုအားထားနေရသည့် တဲတိုက်အပြားအပြားကျန်ရှိနေသေးပြီး ရန်ကုန်မြို့ ဝေမျှ ခြင်း ပရဟိတမိသားစုမှ ရေဂါလံ ၅၀၀၀ဆံ့ ရေလှောင်အုတ်ကန်များ လှူဒါန်းတည် ဆောက်ပေးထားသည့် တဲတိုက်အများအပြားရှိကြောင်းသိရပြီး သောက်သုံးရေများလာ ရောက်လှူဒါန်းလျှင် အဆိုပါရေလှောင်အုတ်ကန်များမှ တဆင့်ရေထည့်ပေးခဲ့ပြီး ရွာထဲရှိ အိမ်ထောင်စုများကို တစ်အိမ်ထောင် ရေသုံးထမ်းစီ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD