ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဆင်ပေါင်ဝဲ  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယမန်နေ့ မွန်းလွဲ()နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြည်သုများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေး နည်းလမ်းများအား မိဘပြည်သူများအနေဖြင့် မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသွားလာရာတွင် ()ယောက်စီးခြင်းနှင့် ()ယောက်စီးရာတွင် နောက်မှ အမျိုးသားလိုက်ပါစီးနင်းခြင်း၊ လုံးဝ(လုံးဝ) တားမြစ်ထားသည့် ဥပဒေကို အလေးအနက်ထား လိုက်နာဆောင်ရွက်သွားကြရေးတို့ကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)