ပင်းတယမြို့နယ်မြို့မစျေးရှိ၊ စျေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပင်းတယ ဒီဇင်ဘာ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ မြို့နယ် စည်ပင်သာယာရေးဌာန မြို့မစျေးရှိ၊ ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ကကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဒုတိယမီးသတ်ဦးစီးမှူး  ဦးထွန်းထွန်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက   မြို့မစျေးရှိ ဈေးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ မိမိတို့၏ စျေးဆိုင်ခန်းတွင် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်း ပျက်စီးနေပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အသစ်လဲလှယ် တပ်ဆင်အသုံးပြုရန်၊ မိမိတို့စျေးဆိုင်ခန်းအတွင်းရှိ မီးခလုပ်များအား ညနေစျေးပိတ်ချိန်၌ သတိရှိရှိ မီးခလုပ်များအား ပိတ်ထားခဲ့ရန်၊ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး အထူးဂရုစိုက်ကြရန်၊ မီးဘေး မပေါ့ဆကြရန်၊ ဈေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံးနှင့်ရေပုံးများအား ဆောင်ရွက်ထား ရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။  

ပင်းတယ (ဒေသပြန်/ဆက်)