လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဆွေးနွေးပွဲကျင်းပ

တောင်သာ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးတွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၄)နေ့တွင် ကျရောက်မည့်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဆွေးနွေးပွဲကို  ယနေ့ နံနက်(၉)နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်သာမြို့နယ် ပြည်သူ့စာကြည့်တွင် ကျောင်းဆရာ ဦးစိုးနိုင်(ငြိမ်း)နှင့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသောအားဖြင့် ဆရာကြီး ဦးစိုးနိုင်မှ “အင်္ဂလိပ်တို့သည်  ဒီမိုကရေစီ ရေးရာစနစ်ဖြစ်သော အတိုင်ပင်ခံအဖွဲ့စနစ်ကိုမြန်မာပြည်မှာ  စမ်းသပ်တည်ထွင်ကြည့်ကြသည်။ မြန်မာ့အရေးကို  မြန်မာ လူမျိုး မင်းတိုင်ပင်တို့ကပိုမိုထိရောက်စွာ တောင်းဆိုနိုင်လာသည်။ မြန်မာများကို ရာထူးကြီးကြီးတွေ များများပေးဖို့တောင်းဆိုကြရာမှ ငါးထောင်စား ဝန်ကြီးများပေါ်ထွက်လာသည်။ မြန်မာအုပ်ချုပ်ရသော အစိုးရဌာနတွေပေါ်လာသည်။ ရာထူးဝေ၍ကား မလောက်နိုင် ငါးထောင်စားရသော်လည်း မဝ၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုများပြင်ထန်လာကြကြောင်း” ပြောကြားခဲ့သည်။

ကျော်မျိုးနိုင်(တောင်သာ)