အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက် လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှု အသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင် ပေးလျက်ရှိရာ လိုအပ်သည့် နေရာများတွင် အသုံးပြု နိုင်ရန်အတွက် ကွယ်လွန်သွားသူများဖြစ်ကြသော ဖခင်ကြီး ဦးအုန်းကျော်၊ မိခင်ကြီး ဒေါ်ခင်စန်းချစ်၊ ဒေါ်အေးအေးကျော်နှင့် ဦးတင်မောင်ကျော်တို့အား ရည်စူး၍ (ကျော်) မိသားစုမှ အလှူငွေကျပ် (၅)သိန်းနှင့် ကွန်လွန်သူ ဒေါ်တင်စန်းအား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ်(၅)သောင်း တို့ကို အသီးသီး လာရောက်လှူဒါန်းရာ စိန်ရတနာနာရေး ကူညီမှု အသင်းမှ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို