ရမ်းဗြဲ ဒီဇင်ဘာ၂၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ဘုတ်တွင် (၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ပြည်သူများလေ့လာသိရှိနိုင်ရန် ရည်ရွယ်လျက် ဗီနိုင်းပိုစတာမှတ်တမ်းဓာတ်ပုံများဖြင့် ယနေ့နံနက်ပိုင်းက စတင်ကာပြသထားလျက်ရှိပါသည်။
ထိုသို့ပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေ့သည့် မှတ်တမ်းဓာတ်ပုံများ ဦးတည်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေးလူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများအား ပြည်သူများလေ့လာဖတ်ရှုနိုင်ရန် ဝေဝေဆာဆာခင်းကျင်းပြသထားရှိလျက်ရှိရာ လမ်းသွားလမ်းလာပြည်သူများ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)