မိုးမိတ် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်နေမျိုးပိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာ မူလတန်းလွန်ကျောင်း (အ မ က -၁) မှ ကျောင်းသား၊ ကျောင်းသူများမှ လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူ များက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူဌေး