မိုင်းယန်းမြို့နယ်၌ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

မိုင်းယန်း ဒီဇင်ဘာ ၂၈

            (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲ၊  ဓာတ်ပုံပြပွဲနှင့် ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီက Community Centre အခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးမှ ပြပွဲ၊ ပြိုင်ပွဲနှင့် ဟောပြောပွဲများပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးကို မမေ့အပ်ပဲအမှတ်ရစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၄)နှစ်မြောက်လွပ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို အသိပညာပေးဟောပြောခဲ့ပြီး လွတ်လပ်ရေးရယူကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံ နံရံကပ်စာစောင်များကို ပြသခဲ့သည်။ ဆက်လက်၍ မူလတန်းအဆင့် ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး