မုဒုံ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ်ဘော်လုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား ဖူဆယ်ဘော်လုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ စတင်ကျင်းပခဲ့သည်။
ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မုဒုံမြို့နယ်အားကစားမှူးဒေါ်နွယ်နီစံ၊ မြို့နယ် ဘော်လုံးအဖွဲ့ချုပ် ဦးတင်အောင်မိုး၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အားကစားဝါသနာရှင်တို့က တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကိုတစ်ရက်လျှင် (၂)ပွဲဖြင့် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ယမန်နေ့တွင် F.V.B(FC) အသင်း၊ SAN KA RU(FC) အသင်း၊ Re Born(FC)အသင်းနှင့် M.G.B(FC)အသင်း လေးသင်းတို့ က ယှဉ်ပြိုင်ကစားကြသည်။
ယင်းပြိုင်ပွဲကို မုဒုံမြို့နယ်အတွင်းရှိ ကလပ်အသင်းများမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၁)သင်းတို့မှ အုပ်စုလေးအုပ်စုခွဲ၍ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကာ ပထမနေရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)