Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့တိုက်နယ် ဆေးရုံ၌ အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ခြင်းများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန် တိုက်တွန်းနှိုးဆော်ပေးလျက်ရ…
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်း စေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများကို ဒီဇင်ဘာ ၂၈ ရက်က မြို့လယ်ကျောက်တိုင်နှင့် အသွားအလာများသည့် နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် သန်း(၃၅၀)ဖြင့် ကျေးရွာချင်းဆက် လမ်းများ ကောင်းမွန်ရေး ဆောင်ရွက်မည်ဖြစ်
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု (၆)လဘတ်ဂျက် အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် သန်း(၃၅၀)ဖြင့် ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်စေရေးအတွက် လမ်းများအား မြေသား တာဘောင်တင်ခြင်း၊ ဂျင်းမြေခင်းခြင်း၊ တစ်ကြောင်း ထိုးလမ်းများ ဖောက်လုပ်ခြင်း၊ Box-Culvertများ တည်ဆောက်ခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနက တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 29,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲအားမြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ခတ္တာဆောင်၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron) ရောဂါပိုး သတိပြုကာကွယ်နိုင်ရေး မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်နှိုးဆော်
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron) ရောဂါပိုးအကြောင်း ပြည်သူများသတိပြု သိရှိလိုက်နာစေရန် အတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မဘိမ်းမြို့မဈေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် Community Centre တွင် စာရေးဆရာ ကလောင်စုံရေးသားထားသော လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန( Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကလောင်စုံရေးသားထားသော “လူငယ်နှင့်ဘဝတန်ဖိုး” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဉာဏ်စမ်းပဋေဟိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 29,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) မြို့နယ် အဆင့် ဉာဏ်စမ်းပဋေဟိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန် က ရသေ့တောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23466
Page
23467
Page
23468
Page
23469
Current page
23470
Page
23471
Page
23472
Page
23473
Page
23474
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department