Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေကျင်မြို့နယ် ဆိပ်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအားကစားကွင်း ဖြစ်ပေါ်လာစေရေး ဆောင်ရွက်
Feb 05,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာအုပ်စု ဆိပ်ကလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဇန်နဝါရီလ တတိယပတ်မှစ၍ အလှူရှင်မိသားစု တစ်စုက ကျောင်းအားကစားကွင်း ဖြစ်ပေါ်လာစေရေးအတွက် ကျောင်းအတွင်းမြေနေရာ လွတ်တွင် စက်ကြီးများဖြင့် မြေတူးမြေသယ် မြေညှိခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Feb 05,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း ကို ယမန်နေ့ ညနေ (၃)နာရီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 05,2021
ဆီဆိုင်မြို့ရှိ ၀န်ထမ်းများနေထိုင်ရေး အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေး မြေနေရာ၌ ဆောင်ရွက်လျက်ရှိသော (၄)ခန်းတွဲ၊ (၄)ထပ် ၀န်ထမ်းအိမ်ရာ အဆောက်အအုံ တည်ဆောက်နေမှု အခြေအနေများကို ယမန်နေ့ နံနက် ၈ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ ပြည်ခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး ကျင်းပသည့် GENDER /CEDAW/ NSPAW အသိပညာပေးအခမ်းအနားပြုလုပ်
Feb 05,2021
ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ ပြည်ခရိုင်အမျိုးသမီး ကော်မတီမှ ကြီးမှူးကျင်းပသည့် GENDER /CEDAW/NSPAW အသိပညာပေးအခမ်းအနား ကို ပြည်ခရိုင် လူမှုဝန်ထမ်းရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Feb 05,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော နှစ်နှစ်အောက်ကလေးငယ်များ အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလစာ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နောင်အယ်ရေလွှဲဆည် (ကျောင်းချယ်) တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာ တူးဖော်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီး
Feb 05,2021
ကျေးလက်နေ တိုင်းရင်းသားတောင်သူများ၏ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျောင်းချယ်ကျေးရွာ၊ ဘန်းယဉ်ကျေးရွာ၊ နောင်အယ် ကျေးရွာ၊ တိကလိုင်ကျေးရွာနှင့် ဟိုတင့်ကျေးရွာတို့မှ အိမ်ခြေ(၅၃၀)၊ လူဦးရေ(၂၅၀၀)ဦးခန့်အတွက် လယ်မြေဧက (၁၅၀၀) အကျိုးပြုသည့် နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်)တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် ငမကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၉၉) သန်းဖြင့် ကျေးရွာလျှပ်စစ် မီးလင်းရေး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး…
Feb 04,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ (၂၂) ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ ငမကျေးရွာတွင် တိုင်း ဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၉၉) သန်းဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ကောလင်း-မန္တလေး ရထားများ ပြန်လည်ပြေးဆွဲမည်ဖြစ်
Feb 04,2021
ကိုဗစ်ကာလ မြန်မာ့မီးရထားများယာယီရပ်နားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း လာခြင်းကြောင့် မီးရထားဖြင့် ခရီးသွားလာကြမည့်ခရီးသည်များ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ယနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲ့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ရှိ မီးရထား ဘူတာရုံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23464
Page
23465
Page
23466
Page
23467
Current page
23468
Page
23469
Page
23470
Page
23471
Page
23472
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department