ကျောက်ဆည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်း အနားနှင့်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို လွတ်လပ်ရေးအနှစ်သာရ ပြည့်ဝစွာဖြင့် ဦးတည်ချက်(၄)ရပ်နှင့်အညီ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ရောင်စုံမီးများထွန်းညှိရေး၊ နိုင်ငံတော်အလံ လွှင့်ထူရေး၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရေး အမှာစကား ပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးချန်ထွန်းက ဌာနဆိုင်ရာများမှ အခမ်းအနား ပြင်ဆင်ရေး၊ အခမ်းအနားသို့တက်ရောက်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးရေး၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပရေး၊ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး