အထက်မင်းလှ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက (၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းမှာကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် လွတ်လပ်ရေးအား မြတ်နိုးလေးစား တန်ဖိုးထားစေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အားကစားပြိုင်ပွဲကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများ ကာယ၊ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာပျော်ရွှင်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ပြောကြားကာ ပြိုင်ပွဲများကိုစတင်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အပြေးပြိုင်ပွဲကျင်းပခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများကဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲများကို မင်းလှမြိုမြောက်ရပ် အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)