အမာ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် အရှေ့ဖျားကျေးရွာ အထကကျောင်း(ခွဲ)၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ ကဆေးထိုးနှံပေးပြီး အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေရဲစခန်းမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရှိတာဝန်ရှိသူ များကလိုအပ်သည်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အမာ (ပြန်/ဆက်)