တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာတွင် ‌နွေစပါးဧက(၅၀)အတွက် မျိုးစပါးများထောက်ပံ့

တံတားဦး  ဒီဇင်ဘာ  ၂၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မီးသွေးတိုက်ကျေးရွာအုပ်စုတွင် တစ်ဧကတင်း(၁၂၀)ထွက်ရှိရေး နွေစပါးဧက (၅၀)အတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည် ။

ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က စပါးများပျိုးထောင်ရာတွင် မျိုးစေ့တစ်ဧကကို (၁)တင်းပျိုးထောင်ရေး၊ နွေစပါးမစိုက်ပျိုးမီ သဘာဝမြေဆွေးနှင့် မြေဩဇာတို့ကို ရောနှောကြဲပတ်သင့်ရေး ၊ ဒါ့အပြင် ရေသွင်း၊ ရေထုတ်မှန်ကန်ရေး၊  ပျိုးထောင်ရာတွင် တစ်ဧကအတွက် ဘောင်အကျယ်အနံ(၃)ပေ၊ အလျားအားဖြင့်(၈၄၀)ပေရှိပါကြောင်း ၊ ယခုထောက်ပံ့ပေးလိုက်သည့် မိုးစပါးများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြစေလိုကြောင်း ပြောကြားပြီး  မျိုးစပါးများကို တောင်သူများထံသို ထောက်ပံ့ပေးအပ် သည်။

တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာအုပ်စု မီးသွေးတိုက်ကွင်းတွင် တောင်သူ(၁၅)ဦးအား တစ်ဧကလျှင် မျိုးစပါး(၁)တင်း၊ ပုလဲဓါတ်မြေဩဇာ အိတ်ဝက်နှုန်းကို တောင်သူပေါင်း(၅၀)ဦးအား ထောက်ပံ့ပေးအပ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။

ရဲတင့်(တံတားဦး)