Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ခိုလှုံရာ IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊စာစောင်များလေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက်
Dec 27,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ခိုလှုံရာ IDPs စခန်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ် စာပေများလေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ လာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ပုလောမြို့အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုး
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများကို သတိပြုကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် အိုမီခရွန် (0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရန် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာ များသို့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များနှင့် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါအကြောင်း အသိပည…
Dec 27,2021
ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များကစဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာ အုပ်စုတွင် ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်း
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပန်းထိမ်းကျေးရွာမှ တောင်သူ ဦးစောဝင်း ၏ ကွင်းအမှတ်( ၁၀၄၂)ဦးပိုင်အမှတ် (၁၃၅)၊စိုက်ဧက (၁.၁၄)ဧကရှိ မိုးစပါးစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ် ချောင်းတာစူးကျေးရွာ၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် စစ်ဆေး
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ချောင်းတားစူးကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်
Dec 27,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့နယ်အတွင်းရှိ မီးလောင်ကုန်းကျေးရွာနှင့် ဘန့်ပြင်ကျေးရွာများတွင် ကျေးရွာနေဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23459
Page
23460
Page
23461
Page
23462
Current page
23463
Page
23464
Page
23465
Page
23466
Page
23467
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department