Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တစ်လတာလုပ်အားပေး ဆောင်ရွက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုကြိုဆို
Jan 19,2021
ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာ အထူးကြပ်မတ်ကုသဆောင်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၆) ရက်နေ့မှ စတင်၍ တစ်လတာ လုပ်အားပေးဆောင်ရွက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကြက်ခြေနီတပ်ဖွဲ့ စေတနာလုပ်အားရှင်(၃၆)ဦးကို ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ကြိုဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေများပေးအပ်…
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ခြင်းနှင့် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ထပ်ဆောင်း ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပွယ်စေး ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးနှင့် အဖွဲ့ဝင်များက မဇင်းရပ်ကွက်ရှိ ဘိုးဘွားများ၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာဆယ်ရွာတွင် သောက်သုံးရေရရှိရေး ဆောင်ရွက်
Jan 19,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ဆောင်းသီးနှံရာသီစာ ဖရဲစိုက်ပျိုးသည့်တောင်သူများ ဖရဲသီး ဈေးကောင်းရရှိရန် မျှော်လင့်
Jan 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု တာလေ-ကျိုင်းလပ်သွား လမ်းဘေးဝဲယာရှိ ဝိန်းလန်း-လန့်တောင်း ကျေးရွာတို့တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံ ရာသီစာဖရဲခင်းများ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းမှု အားနည်းနေပြီး ယခုအခါ ဇန်နဝါရီလကုန်ပိုင်းတွင် ဖရဲသီးများ စတင်ထွက်ရှိတော့မည်ဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း တပိုင်တနိုင် ဖရဲစိုက်ပျိုးသူတောင်သူများထံမှ ယမန်နေ့က သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ကိုဗစ် − ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ (၁၂) ဦးတွင် ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ရှိ
Jan 19,2021
ပြင်ဦးလွင်မြို့ ကျွဲနွားထောက်ကျေးရွာနှင့် သုံးတောင်ကျေးရွာတို့မှ ယမန်နေ့က စစ်ဆေးမှုတွင် စုစုပေါင်း ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ ရှိသူ (၁၀) ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် အသိပညာ ပေးခြင်းများဆောင်ရွက်
Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များသို့ယမန်နေ့ နံနက် ၁၀ နာရီက ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို ဟို့နမ့်၊ ပန်းတန်၊ ကဒူးကြီးကျေးရွာ အုပ်စုကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးနှင့် အဖွဲ့ဝင်များသည် ဟိုနမ့်ကျေးရွာအုပ်စု၊ ဥယာစန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပန်းတန် ကျေးရွာအုပ်စု ၊ လွိုင်ကောင်ကျေးရွာခန်းမ၌ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်းအား လမ်းချဲ့ခြင်း နှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း (၆၅) ရာခိုင်နှုန်းပြီးစီး
Jan 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လမ်းဦးစီးဌာနအနေဖြင့် ပြည်သူများသွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန် စေရေးအတွက် လမ်းများအား အဆင့်မြင့်တင်ပေး လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၂၅.၉) သန်းဖြင့် လှိုင်းဘွဲ-ပိုင်ကျုံလမ်းအား အရှည် (၁.၁) ကီလိုမီတာ၊ အကျယ် (၁၈) ပေရှိသော လမ်းချဲ့ ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံမဒီကျေးရွာတွင် ကျေးရွာနေပြည်သူများ သွား/လာရေး အဆင်ပြေစေရန်အတွက် ကွန်ကရစ်တံတားတည်ဆောက်
Jan 19,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်် လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) စီမံကိန်းထောက်ပံ့ငွေဖြင့် ထီးဖိုးကိန် ကျေးရွာအုပ်စု ကျုံမဒီကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို စတင် အကောင်ထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23422
Page
23423
Page
23424
Page
23425
Current page
23426
Page
23427
Page
23428
Page
23429
Page
23430
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department