ပဲခူး ဇန်နဝါရီ ၁၉
ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာ အထူးကြပ်မတ်ကုသဆောင်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့မှ စတင်၍ တစ်လတာ လုပ်အားပေးဆောင်ရွက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကြက်ခြေနီတပ်ဖွဲ့ စေတနာလုပ်အား ရှင်(၃၆) ဦးကို ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ကြိုဆိုခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ဝမ်းဘော်ဒပ်တံတားမှနေ၍ ပဲခူးတိုင်း ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါက်တာနေမျိုး၊ ဒုတိုင်းတပ်ဖွဲ့မှူး ဦးသိမ်းအောင်၊ ပဲခူးခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဟန်အောင်နှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးတင်ဆက်တို့ ဦးဆောင်ကာ အောင်သပြေ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုကြပြီး ပဲခူးခရိုင်၊ ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက လည်း ပူးပေါင်းပါဝင် ကူညီ ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)