ပြင်ဦးလွင်မြို့တွင် ကိုဗစ် − ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ (၁၂) ဦးတွင် ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ရှိ

ပြင်ဦးလွင် ဇန်နဝါရီ ၁၉

ပြင်ဦးလွင်မြို့ ကျွဲနွားထောက်ကျေးရွာနှင့် သုံးတောင်ကျေးရွာတို့မှ ယမန်နေ့က စစ်ဆေးမှုတွင်   စုစုပေါင်း ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ ရှိသူ (၁၀) ဦးရှိကြောင်း သိရသည်။

ထို့ပြင် ပြင်ဦးလွင် မီးပုံးပျံကွင်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးခဲ့ရာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမှ ယာဉ်မောင်း(၁)ဦး၊ ကျောက်မဲမြို့ နောင်ပိုင်မှ ယာဉ်မောင်းတစ်ဦး စုစုပေါင်း (၂) ဦး ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာသစ် (၁၂) ဦးတွင် ပြင်ဦးလွင် မြို့မှ (၁၀)ဦး၊ မီးပုံးပျံကွင်းစစ်ဆေးမှုမှ   ယာဉ်မောင်း (၂) ဦး တို့ဖြစ်သည်။ ၎င်းတို့အနက် ကျွဲနွားထောက်ကျေးရွာမှ (၆)ဦး၊ သုံးတောင် ကျေးရွာမှ (၄) ဦးနှင့် ရန်ကုန်မြို့မှယာဉ်မောင်း(၁)ဦး၊ ကျောက်မဲမြို့မှ ယာဉ်မောင်း(၁)ဦး တို့ဖြစ်ပြီး စုစုပေါင်း ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့လူနာ (၁၂) ဦးအား ပြင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်ဆုမွန်