မောက်မယ်မြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် အသိပညာ ပေးခြင်းများဆောင်ရွက်

မောက်မယ်     ဇန်နဝါရီ    ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ယမန်နေ့ နံနက် ၁၀ နာရီ က ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို ဟို့နမ့်၊ ပန်းတန်၊ ကဒူးကြီးကျေးရွာ အုပ်စုကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးနှင့် အဖွဲ့ဝင်များသည် ဟိုနမ့်ကျေးရွာအုပ်စု၊ ဥယာစန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပန်းတန်ကျေးရွာအုပ်စု ၊ လွိုင်ကောင်ကျေးရွာခန်းမ၌ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ အသိပေးရာတွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများအရ အိမ်ထောင်စုကိုယ်စားလှယ်များအား ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖေါ်ဝါရီလ ပထမအပတ်တွင် ကြီးကြပ်ရေးအဖွဲ့များကို ရွေးချယ်သွားမည်ဖြစ်ပြီး ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးများအား ရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍  ထပ်မံအသိပညာပေးခြင်းကို ဖေဖေါ်ဝါရီလ ဒုတိယအပတ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်မှ မတ်လဒုတိယပတ်အထိ  ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်သွားမည်ဖြစ်ရာ မတ်လတတိယပတ်တွင် ရွေးချယ်ထားသည့် ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးများ၏ ကိုယ်ရေးအချက်အလက်များ ပြုစုခြင်းနှင့် ပြန်လည်စိစစ် ခြင်းကို ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ မတ်လနောက်ဆုံးပတ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပုဒ်မ(၅)ပါ အရည်အချင်းများနှင့် ပြည့်စုံ သည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အတည်ပြုခန့်ထား ပေးမည်ဖြစ်ကြောင်းနှင့် မောက်မယ် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ အဖွဲ့(၃)ဖွဲ့ခွဲကာ ရွေးချယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)