ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းအသင်းမှ မသန်စွမ်းဆိုင်ရာဥပဒေ၊နည်းဥပဒေများကို အသိပညာပေးဆွေးနွေး

ကော့ကရိတ် ဇန်နဝါရီလ ၁၉

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ ကျေးရွာများသို့ကွင်းဆင်း၍ မသန်စွမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဆွေးနွေးမှုကို ယမန်နေ့နံနက် ၁၀ နာရီက နိုင်ခလောင် ကျေးရွာဘုန်းကြီးကျောင်းဝန်း အတွင်း၌အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ကော့ကရိတ်မြို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း မန်နေဂျာဦးမန်းမိုးအောင်ဦး နှင့်အဖွဲ့ဝင်များက မသန်စွမ်းသူများနှင့် ကျေးရွာနေပြည်သူများကို ရပ်ရွာအတွင်းမသန်စွမ်းသူများ ဘေးဖယ် ထားမှု အားရှောင်ကျဉ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်စေရေး၊ မသန်စွမ်း သူများ၏ ဥပဒေ၊နည်းဥပဒေများကို  သိရှိစေရေးတို့ကိုအသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက်တက်ရောက်လာသည့် ပြည်သူများကို မသန်စွမ်းမှုဆိုင်ရာဥပဒေ၊နည်းဥပဒေနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ မသန်စွမ်းပြည်သူနှင့် သန်စွမ်းပြည်သူ (၃၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)