လဟယ် ဇန်နဝါရီလ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ် ရွေးချယ်ခြင်းအတွက် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ မတ်လ ကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ဆွေးနွေး ပွဲကို ယနေ့နံနက် (၁ဝ) နာရီအချိန် လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လဟယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးညီညီက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပါ သည်။ ထို့နောက် လဟယ်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလပ်ဆက်မှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ ရွေးချယ်ခြင်းလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးကော်မတီက အပြန်အလှန်ဆွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို (၂) ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက် (လဟယ်ပြန်/ဆက်)